ဟိုးဝေးဝေးမှာရွာမယ့်မိုးတွေ...
ငါ့ကောင်းကင်မှာလာညို့နေကြတယ်။ ။
မစို့မပို့လေးဖြစ်ဖြစ်ရွာရင်ကိုငါဘာမှမပြောဘူး..
အရူးအမူးပဲဆိုဆို...မိုးစက်တွေကိုလိုချင်တာ
ဘာဒဿနနဲ့တွက်တွက်..ငါဟာသစ်ပင်ဖြစ်တဲ့အတွက်၊
ငါ့ဘက်ကမမှားဘူး.။
မတရားဘူးပြောရအောင်ကလည်း..
ငါလိုသစ်ပင်ပေါက်ရောက်ရာက..ကန္တာရ
မိုးမရှိလို့မပျော်တာတစ်ခုကလွဲရင်..
ငါ့ဘ၀နေသားတော့ကျနေသလိုပါပဲ..။
မိုးရယ်..
ငါငိုမှနင်ရွာမယ်ဆိုရင်တောင်..
ပူလောင်မှုတွေနဲ့ နွေခါင်ခေါင်မှာ၊
ရေကိုဆာလောင်နေတဲ့ငါ့အတွက်....မျက်ရည်ရယ်ဘယ်ထွက်နိုင်မလဲ၊
င့ါမျက်ဝန်းကမျက်ဝန်းကမျက်ရည်..
အခိုးအငွေ့တွေ အဖြစ်နဲ့သာ
မင့် ကောင်းကင်ဆီ လွင့်ပျံလာလိမ့်မယ်။
ဒါတွေကို..
မိုးတွေအဖြစ် ဖန်ဆင်း
မင့် ကောင်းကင် ဟိုးအမြင့်ကနေပြီး
တစ်သက်စာ အတိုးတွေနဲ့
အငြိုးကြီးကြီးသာ ရွာလိုက်ပါမိုး
အငြိုးကြီးကြီး နဲ့သာ ရွာလိုက်ပါမိုး။ ။
လွမ်းဝေ(2007)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment