Monday, April 21, 2008

image


wayynay

မြတ်နိုးစွာကြည့်ပါ၊ ကြင်နာစွာပြောဆိုပါ၊ ခံစားချက်ဖြင့်နားထောင်ပါ

မျှော်လင့်ခြင်း (atomic၏..ကဗျာ)

ပင်လယ်လိုနက်ရှိုင်းပြီး
အနှိုင်းမဲ့မေတ္တာနဲ့ ရူးမိုက်စွာချစ်ခဲ့တဲ့
ငါ့အချစ်တွေကို ရက်စက်မှု့အပေါင်းနဲ့
ဥပေက္ခာပြုပြီး ဒါဏ်ရာတွေထားခဲ့ပေမယ့်
မင်းအပေါ် ပိုတိုးလို့ချစ်ခဲ့မိတယ်
မင်းထားခဲ့တဲ့ ဥပေက္ခာအပေါင်းဟာ
ရလဒ်တစ်ခု ဒါဏ်ရာများဟာချိန်မြိန်မှုလို့မှတ်ယူပြီး
မင်းဆီက အချစ်တစ်စုံတစ်ရာအတွက်
မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေရသူပါ
တကယ်ပါ ချစ်သူရယ်....
အချစ်ကိုကိုးကွယ်
မေတ္တာကိုတန်ဖိုးထားပြီး
သစ္စာကိုလေးစားတဲ့ လူသားတစ်ယောက်အဖြစ်
မင်းရဲ့ရှေ့မှာ ဒူးထောက်လိုက်ချင်ပါရဲ့....